ကချင်အတိုက်အခံခေါင်းဆောင် ဦးခွန်ဆာမခေါ်နှင့် ဆွေးနွေးခန်း

ကချင်လူမျိုး – အတိုက်အခံခေါင်းဆောင်နဲ့ ရှေ့နေတစ်ဦး ဖြစ်သူ ဦးခွန်ဆာမခေါ်နဲ့ ဒေါက်တာမောင်ဇာနည်တို့ရဲ့ ဗမာကိုလိုနီအမြစ်ပြုတ်ရေး စကားဝိုင်း ၎င်းတို့နှစ်ဦးက – (၁) မြန်မာနိုင်ငံအတွင်း နယ်စပ်တောင်တန်းဒေသများနဲ့ မြေပြန့်ဒေသများကြားက ကိုယ်ထူကိုယ်ထအသင်းအကြောင်း (၂) မြန်မာနဲ့ကချင်၊ ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာဝင်များရဲ့ အမွေအနှစ်များအကြောင်း (၃) ဗမာကိုလိုနီလက်အောက်ခံ နယ်စပ်ဒေသမှပြည်သူများအကြောင်း (၄) ဗိုလ်ချုပ်အောင်ဆန်း ကတိကဝတ်ပြုခဲ့တာနဲ့ ဖဒရယ်စနစ်ရဲ့မူများကို ချိုးဖောက်ခြင်း၊ တိုင်းရင်းသားလူမျိုးစုများ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်များ ချိုးဖောက်ခံရခြင်း – စတာတွေကို စုံစုံလင်လင် ဆွေးနွေးထားပါတယ်။ ဦးခွန်ဆာမခေါ်ရဲ့ ဖခင်ဖြစ်သူ ဗိုလ်မခေါ်မွန်းက ကချင် (ဇိုင်ဝါး) အမျိုးသားတစ်ဦးဖြစ်ပြီး၊ ဗမာ့တပ်မတော်မှာ အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ဒေါ်ရင်နုက ပျဉ်းမနားမြို့က ဗမာ၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။ ဦးခွန်ဆာမခေါ်က ၁၉၇၇ ခုနှစ်မှာ ဝိဇ္ဖာဥပဒေဘွဲ့၊ ၁၉၇၈ ခုနှစ်မှာ ဥပဒေဘွဲ့ ရရှိခဲ့ပြီး၊ ၁၉၈၀ ခုနှစ်မှစပြီး အထက်တန်းရှေ့နေ၊ ၁၉၈၃ ခုနှစ်မှစပြီး ဗဟိုတရားရုံးရှေ့နေ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ မြစ်ကြီးနားရှေ့နေအသင်းကနေ တက်ကြွပါဝင်လှုပ်ရှားခဲ့ပြီး၊ တပ်ကုန်းကျေးရွာက ကျေးရွာလူငယ်များရဲ့ တောင်းဆိုချက်အရ ကျေးရွာလုံခြုံရေးကိုလည်း တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက်ရဲ့ အထွေထွေအတွင်းရေးမှူး ဆောင်ရွက်ခဲ့ပြီး၊ ၁၉၉၁ ခုနှစ် စက်တင်ဘာလမှာ ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေနှင့် စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်မှုကို ခံခဲ့ရသည့်အပြင် ဗဟိုတရားရုံးရှေ့နေလိုက်ခွင့်လိုင်စင်ကိုလည်း ရုတ်သိမ်းခံခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလမှာ

ဒေါက်တာခင်ဇော်ဝင်းနှင့် ဆွေးနွေးခန်း

FRC Genocide Podcast Series (မြန်မာပိုင်းအစီအစဉ်) ဒေါက်တာမောင်ဇာနည် စီစဉ်တင်ဆက်သည်။ ဒီဆွေးနွေးခန်းမှာ ရန်ကုန်မြို့အခြေစိုက် တမ္ပဒီပအင်စီကျူ့ရဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက ပါဝင်ဆွေးနွေးထားပါတယ်။ ဆွေးနွေးထားတာတွေကတော့ (၁) ဒေါက်တာခင်ဇော်ဝင်းရဲ့ဖခင်က မြန်မာသံတမန်တစ်ဦးဖြစ်ပြီး၊ သူ့ရဲ့ဘဝအစောပိုင်းမှာ လူမျိုးပေါင်းစုံမှီတင်းနေထိုင်တဲ့ ရန်ကုန်မြို့နဲ့ နယူးဒေလီမြို့တွေမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တာကို နားလည်လာခဲ့တဲ့အကြောင်း (၂) မြန်မာနိုင်ငံမှာ စစ်အာဏာရှင်လက်ထက်မှာ (၁၁) နှစ်ကြာ အကျဉ်းကျခံခဲ့ရတဲ့ အတွေ့အကြုံ (၃) အကျဉ်းထောင်က လွတ်မြောက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာလူမျိုးများအတွက် အခြေအနေတွေ ပြောင်းလဲလာဖို့ လှုပ်ရှားနေတဲ့အကြောင်း (၄) ရန်ကုန်မြို့မှာ တမ္ပဒီပအင်စတီကျူ့ကို တည်ထောင်ပြီး မျိုးဆက်သစ်တွေမှာ ပညာရှင်တွေ ပေါ်ထွန်းလာဖို့ အသိပညာတွေပြန့်ပွားလာအောင် လုပ်ဆောင်နေတဲ့ အကြောင်း – စတာတွေကို စုံစုံလင်လင် ဆွေးနွေးပြောဆိုထားပါတယ်။ ဒေါက်တာခင်ဇော်ဝင်းက ရန်ကုန်မြို့အခြေစိုက် တမ္ပဒီပအင်စတီကျူ့ရဲ့ ညွန်ကြားရေးမှူး ဖြစ်ပြီး၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒများ၊ နိုင်ငံတွင်း အမျိုးသားရေး စိတ်ဓါတ်ပြင်းထန်နေတာတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခင်က မြန်မာနိုင်ငံနဲ့ မလေးရှားနိုင်ငံ ဆာဗားပြည်နယ်တွေက ကျန်းမာရေးဌာနတွေမှာ လုပ်ကိုင်ခဲ့ပြီး၊ စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် (National University of Singapore) ကနေ ပြည်သူ့မူဝါဒနဲ့ ပတ်သက်တဲ့ မဟာဘွဲ့ ရရှိခဲ့ပါတယ်။ ဒေါက်တာခင်ဇော်ဝင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို နိုင်ငံတော်အကြည်ညိုပျက်အောင် ရေးသားတယ်လို့ စစ်အာဏာရှင်တွေက စွပ်စွဲပြီး ၁၉၉၄ ကနေ ၂၀၀၅ ခုနှစ်ထိ ၁၁ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။

ရိုဟင်ဂျာများရဲ့ ဂျီနိုဆိုက်ငရဲလမ်း (အပိုင်း ၁)

စစ်တွေမြို့မှာ ၂၀၁၂ ခုနှစ်ကစပြီး ဒုက္ခသည်ဘဝကို ရောက်ရှိသွားတဲ့ ကိုဝင်းမောင်က ပါဝင်ဆွေးနွေးထားပါတယ်။ ဆွေးနွေးထားတာတွေကတော့ – (၁) စစ်တွေမြို့က ဒုက္ခသည်စခန်းတွေမှာ လူတွေရဲ့ နေ့စဉ်ဘဝ (၂) မတူကွဲပြားတဲ့ အသိုင်းအဝိုင်းတွေကြား အခြေအနေ (၃) ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ နေထိုင်ရတဲ့ အခြေအနေ (၄) လူကုန်ကူးမှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိသလဲ? (၅) ၂၀၁၂ ခုနှစ်မတိုင်ခင်တုန်းက ကြုံတွေ့ခဲ့ရတဲ့အခြေအနေ

ရန်ကုန်-အခြေစိုက် နိုင်ငံတကာသတင်းထောက်တစ်ဦးနှင့် ဆွေးနွေးခန်း

FRC Genocide Podcast Series မြန်မာပိုင်းအစီအစဉ်မှာ ရန်ကုန်-အခြေစိုက် နိုင်ငံတကာသတင်းထောက် Ko Cape Diamond က ပါဝင်ဆွေးနွေးထားပါတယ်။ ရိုနေဆန်းလွင် က စီစဉ်တင်ဆက်ထားပြီး၊ ဒီဆွေးနွေးခန်းမှာ – မြန်မာနိုင်ငံမှာ ရိုဟင်ဂျာနဲ့ ပတ်သက်လာရင် အသုံးအနှုံးတွေ၊ လူ့အခွင့်အရေးစံနှုန်းတွေ ဘာကြောင့်ကွဲပြားနေတာလဲဒီနှစ်ပိုင်းမှာ ပြောင်းလဲလာတဲ့ ရခိုင်ပြည်သူတွေရဲ့ အမြင်ရခိုင်ပြည်နယ်တွင်း သတင်းယူခဲ့စဉ် ရရှိခဲ့တဲ့ အတွေ့အကြုံ၊ ICJ ကြားဖြတ်အစီအမံ နောက်ပိုင်း ပြောင်းလဲမှု ရှိ/မရှိ — စတာတွေ စုံစုံလင်လင် ဆွေးနွေးထားတာကို နားဆင်နိုင်ပါပြီ။

ရခိုင်လူငယ်နှစ်ဦးနှင့် ဆွေးနွေးခန်း

FRC Genocide Podcast Series မြန်မာပိုင်းအစီအစဉ်မှာ ရခိုင်လူငယ်နှစ်ဦးဖြစ်တဲ့ ကိုခိုင်မြတ်နိုင်၊ ကိုမောင်ခိုင်သိန်း တို့က ပါဝင်ဆွေးနွေးထားပါတယ်။ ရိုနေဆန်းလွင် က စီစဉ်တင်ဆက်ထားပြီး၊ ဒီဆွေးနွေးခန်းမှာ – – ရခိုင်နဲ့ ရိုဟင်ဂျာပြဿနာက ဘာကို အခြေခံနေသလဲ – Arakanese ဆိုတဲ့ခေါင်းစဉ်အောက်မှာ အာရ်ကာန်ဒေသရဲ့ လူမျိုးစုတွေအားလုံး စည်းလုံးညီညွတ်လာဖို့ – ရိုဟင်ဂျာဂျီနိုဆိုက်လို နောက်ထပ်မဖြစ်ဖို့ ဘယ်လိုကာကွယ်ကြမလဲ – ကိုဗစ်-၁၉ ကို အကြောင်းပြပြီး လူမျိုးရေးမုန်းတီးမှုဖန်တီးနေတာတွေကို တိုက်ဖျက်ဖို့ — စတာတွေကို စုံစုံလင်လင် ဆွေးနွေးထားတာကို နားဆင်နိုင်ပါပြီ။