FRC Genocide Podcast Series (မြန်မာပိုင်း)

ဒေါက်တာမောင်ဇာနည် စီစဉ်တင်ဆက်သည်။

Rohingya Blogger တည်ထောင်သူ ဦးဘစိန်နဲ့ ဒေါက်တာမောင်ဇာနည်တို့ စကားဝိုင်း

FRC Genocide Podcast Series မြန်မာပိုင်းအစီအစဉ်မှာ ဦးဘစိန်က –

(၁) ရိုဟင်ဂျာနဲ့ ရခိုင် အသိုင်းအဝိုင်းနှစ်ခုကြား အေးအတူပူအမျှ သင့်မြတ်စွာ နေထိုင်လာခဲ့တဲ့အကြောင်း
(၂) နဂါးမင်းစီမံချက် ဖြစ်ပေါ်လာပုံအဆင့်ဆင့်
(၃) ၁၉၇၈ ခုနှစ်မှာ နဂါးမင်းစီမံချက်နဲ့ ရိုဟင်ဂျာတွေကို ညှဉ်းပန်းနှိပ်စက်ပြီး အစုလိုက်အပြုံလိုက် တစ်ဖက်နိုင်ငံကို မောင်းထုတ်ခဲ့စဉ်က ကိုယ်တွေ့အတွေ့အကြုံ – စတာတွေကို အသေးစိတ်ဆွေးနွေးထားပါတယ်။

ဦးဘစိန်၏ ကိုယ်ရေးအကျဉ်းချုပ်

ဦးဘစိန်သည် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မွေးဖွားခဲ့သည်။ ရခိုင်ပြည်နယ်တွင် အထက်တန်းထိ ပညာသင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။

ဘူးသီးတောင်မြို့နယ်တွင် ၁၉၇၄ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ၊ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ၁၉၈၃ ခုနှစ်မှ ၁၉၉၁ ခုနှစ်ထိ သမဝါယမဝန်ကြီးဌာနတွင် ရာထူးအဆင့်ဆင့်ဖြင့် အစိုးရတာဝန်ထမ်းဆောင်ခဲ့သည်။

ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ အစိုးရဝန်ထမ်းဘဝကတည်းက တတ်နိုင်သည့်ဘက်မှ လှုပ်ရှားခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ပြီးနောက် ပြည်ပတွင် အခြေစိုက်နေထိုင်လာခဲ့သည်။

၂၀၀၅ ခုနှစ်တွင် Rohingya Blogger ကို တည်ထောင်ပြီး၊ ရိုဟင်ဂျာများ ကြုံတွေ့နေရသည့် ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများကို နိုင်ငံတကာက သိမြင်လာအောင် ကြိုးပမ်းလာခဲ့ပြီး၊ ယခုအခါ Rohingya Today နှင့် အခြားသော ရိုဟင်ဂျာအထောက်အထား သုတေသနများကို လန်ဒန်မြို့တွင် အခြေစိုက်၍ လုပ်ကိုင်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *